သီရိက အခုမှစပြီး blog ရေးဖူးတာပါ… ဘယ်က စရေးရမှန်းလည်း မသိတော့ သီရိအကြောင်းကို စပြီးမိတ်ဆက်မယ်နော်။
နာမည် အပြည့်အစုံက သီရိဝင်းထိုက် ၊ ပညာ အရည်အချင်းကတော့ Singapore Polytechnic မှာ electrical engineering ကို သင်ယူနေတာ ၁နှစ်ခွဲကျော်ကျော်ရှိပါပြီ။ အိမ်နဲ့ခွဲပြီး အလွမ်းတွေ အများကြီးနဲ့ SG မှာလာပြီးပညာသင်ယူနေတဲ့ ကျောင်းသား ကျောင်းသူတွေထဲက သာမန် ကျောင်းသူလေး ၁ယောက်ပါ။
သီရိကို ရိုးသားစွာနဲ့ ခင်မင်တဲ့လူတွေ အားလုံးကို သီရိကလည်း ခင်ပါတယ်။ ရိုးသားစွာနဲ့ ဆိုတာမှာ တခြားသဘောမပါပါဘူး… “Just be true to me!” । သီရိ ကိုယ့်ကိုကိုယ်တော့ ခင်မင်တတ်တဲ့လူ ၁ယောက်လို့မြင်ပါတယ်။ တခြားလူတွေ ဘယ်လို မြင်လည်းတော့ မသိဘူး … အဲ့ဒါကြောင့်မို့ သီရိသိအောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်လို့…

No comments:
Post a Comment