Monday, November 12, 2007

အတွေ့အကြုံလေးတစ်ခု

ဒီနေ့ သီရိ ကျောင်းကနေ အိမ်ပြန်တဲ့လမ်းမှာ အိမ်နားက block တစ်ခုကို ဖြတ်သွားတယ်။ လမ်းလျှောက်ရင်း ရုတ်တရက် နံရံမှာကပ်ထားတဲ့ သံပြားလေးပေါ်က စာကိုဖတ်လိုက်မိပြီး တော်တော်ကြောင်သွားပါတယ်။ “Christmas Beware” တဲ့… ဘာသဘောပါလိမ့်လို့ စဉ်းစားရင်းနဲ့ ပြန်ကြည့်လိုက်တော့မှ Christmas Beware မဟုတ်ပဲ “Criminals Beware” ဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ် တော်တော်ကို ရီချင်သွားပြီး မထိန်းနိုင်ပဲ လမ်းမှာ ရီသွားမိပါတယ်။ တော်သေးတာပေါ့ ဘေးမှာ လူရှင်းနေလို့…
[ လူက bus ပေါ်မှာ Christmas အကြောင်းတွေးလာမိလို့ ထင်ပါတယ်… အခုလို တလွဲတွေ လျှောက်မြင်သွားတာ။ ]

No comments: