Monday, May 18, 2009

Graduation

ကဲ.. သီရိတို့ poly မှာ သုံးနှစ်လည်း ပြီးပြီမို့ graduation ကို ရောက်လို့ လာပါပြီ။ သီရိတို့ သူငယ်ချင်းတွေလည်း graduation အတွက် စပြီး ပြင်ဆင်ကြပါပြီ။ အဓိကကတော့ အဲ့ဒီ့နေ့မှာ ဘယ်လို မိတ်ကပ်ပြင်ကြမလဲ ဆိုတာပါပဲ။ ဆိုင်သွားပြင်ရမှာကလည်း ပိုက်ဆံ တော်တော် ကုန်မည့် အဖြစ် (၂ခါတောင် ဆိုတော့.. ပထမက အစမ်း ၊ ဒုတိယက အစစ်)။ သီရိတို့ သူငယ်ချင်းတွေက အရင်စမ်းမကြည့်ပဲလည်း မလိမ်းရဲကြဘူးလေ။ ဒါနဲ့ ကိုယ့်ဟာကို ပြင်ဖို့ပဲ စဉ်းစားပြီး စမ်းလိမ်း ကြည့်ကြတာပေါ့။ အရင် မွန်သီစမ်းပါတယ်.. မလိမ်းတာကမှ လှသေးတယ်လို့ ပြောခံရတဲ့ အဖြစ်ပါ။ ဒုတိယကတော့ အိဖြူပေါ့.. ဟဲဟဲ.. သူက ပိုဆိုးတယ်.. တရုတ်တစ္ဆေနဲ့ တူတယ်ဆိုပဲ။ တတိယကတော့ ကျွန်မပါပဲ.. မွန်သီက အားပေးရှာပါတယ်.. သီရိကို ဘွဲ့လက်မှတ်ပေးမယ့် professor ထွက်ပြေးသွားနိုင်တယ်တဲ့။ ဒီလိုဆိုတော့ ဆိုင်ပဲ ပြေးရမယ့်ပုံ ပေါက်နေပါတယ်။ တစ်ခုတော့ ရှိတယ်.. ကျဲကျဲလာမှာဆိုတော့ သူ့ပဲ အားကိုးပြီး လိမ်းခိုင်းရမလားပဲ။

နောက်တစ်ခုကတော့ သူငယ်ချင်းတွေရဲ့ အိမ်က အဖေ အမေ အစ်ကို အစ်မ မောင်လေး ညီမလေးတွေ အကုန်လာကြမှာ ဆိုတော့ကာ လျှောက်လည်ရမယ့် ကိစ္စပါပဲ။ စင်္ကာပူ ကလည်း သေးလိုက်တာ ပြောမနေပါနဲ့တော့.. ဘာမှကို လည်စရာမရှိဘူး။ အဲ့ဒါကြောင့်မို့ သူငယ်ချင်းများကို အကြံညဏ်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်။ အခုအောက်က list ကတော့ သီရိတို့ တစ်တွေ စဉ်းစားရသလောက်ပါ။

1. Duck Tour or other tours [SG's flyer + River Bank + tour]
2. Zoo Tour
3. Orchid Garden
4. Sentosa
5. East Coast
6. China Town
7. Little India

ဒါပါပဲ။ အခြားနေရာတွေ ကျတော့လည်း လူကြီးတွေနဲ့က မကိုက်ပြန်ပါဘူး။ Shopping တို့ ဘာတို့လည်း သူတို့က သွားချင်ပုံ မပေါ်ဘူး။ အဲ့တော့ ခေါင်းကိုက်နေပါ၏။ ဝိုင်းပြီး စဉ်းစားပေးကြပါလို့။

Please don't hesitate to leave comment. You can also shout at cbox. =)

8 comments:

Anonymous said...

Henderson Waves?

Thiri said...

အင်း.. အဲ့ဒါ စဉ်းတော့ စဉ်းစားမိတယ်။ ဒါပေမယ့် လူကြီးတွေ အတွက်ကျ သိပ်ပြီးတော့ စိတ်ဝင်စားဖို့ ကောင်းမယ် မထင်ဘူး။ Thx for your suggestion.

Harry said...

sungei buloh သွားပါလား။ Flyer လဲ စီးသင့်တယ်။

Thiri said...

အင်း.. flyer ကတော့ စီးဖြစ်မှာပါ။ sungei buloh ဆိုတာတော့ မသိဘူး.. research လုပ်လိုက်ဦးမယ်။

copyright said...
This comment has been removed by the author.
Phyo Maw said...

လှေကလေးကိုစီးလို့ ပူလာအူဘင်ဆီ
နေပူပူ ခြေတိုလို့ သင့်မသင့်တော့ မသိ။

ချိုင်းနားတောင်းဆိုရင် ဘုံကျောင်းရောက်အောင်သွား မဆိုဘူး
(ရောက်ဖူးမယ် ထင်တယ်။)

Thiri said...

ဘုံကျောင်း? China town မှာ ဘုံကျောင်း ရှိသလား.. ဟီး.. သိတောင် မသိဘူး။

Phyo Maw said...

ရှိပါသည်။ အထပ် ၄၊ ၅ ထပ်လောက် တက်လို့ရသည်။
စားသောက်စရာတွေ လမ်းပေါ်ခင်း ရောင်းတဲ့ စားစရာဈေးတန်းနားရောက်ရင် တော်တော်နီးပြီလို့ အနီးအနား ထပ်ရှာကြည့် တွေ့ပါလိမ့်မည်။