Tuesday, June 17, 2008

လာပြန်ပြီပေါ့ MST

MST ဆိုသော ကျွန်မတို့ရဲ့ Mid-Semester Test ကြီးကတော့ ရောက်လာပါတော့မယ်။ ကျောင်း သုံးပတ် ပိတ်ထားတာကို ရှေ့နှစ်ပတ်မှာ စာလုံးဝ မလုပ်ပဲ ရုပ်ရှင်ပဲ ထိုင်ကြည့်ဖြစ်တာမို့ ကိုယ့်ကိုကိုယ် တော်တော်လေး ဒေါသထွက်မိ ပါတယ်။ အခုတော့မှ စာတွေကို အကုန်စုလုပ်နေပြီး ခေါင်းထဲ မဝင်တော့ လုပ်ချင်စိတ်ကကုန် ၊ ဒါနဲ့ blog ရေးချင်စိတ်ပေါက်လာတာ ပါပဲ။ နောက်ဆုံးနှစ်မှာမှ ကျက်စာတွေကလည်းများ ၊ တစ်ချို့ဘာသာတွေကနားမလည် ၊ နားလည်တဲ့ဟာကျတော့လည်း စိတ်မဝင်စား ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး။ ကဲ.. လုပ်ချင်ချင် မလုပ်ချင်ချင် စာပြန်လုပ်ရပါဦးမည်။ တော်သေးပြီ။
Extended text comes here.

2 comments:

Soaring Phantom said...

စိတ်မညစ်ပါနဲ့ကွယ်။ မောင်လည်းတူတူပါဘဲ။
MST ဆိုတာကြီးက အချိန်တန်တော့လည်းပြီးသွားမှာဘဲပေါ့။ ဒီလိုနဲ့ဘဲ မောင်တို့ ၂ယောက်ကျော်ဖြတ်လာတာ ၂နှစ်တောင်ရှိပါပကော.... ဟုတ်တယ်ဟုတ်။း)

မင်းကိုအမြဲဂရုစိုက်နေတဲ့,
မောင်

Thiri said...

ဒါပေါ့ မောင်ရယ်.. ဖြစ်သလိုပဲ နောက်ဆုံးအချိန်ကျမှ စာလုပ်လုပ်ပြီး ဖြေလာတာ.. မကြာခင် ပြီးသွားမှာပါ။ စာမေးပွဲပြီးရင်သာ ဘယ်သွားလည်မလဲ စဉ်းစားထား.. ဟဲဟဲ.. =)